Monday, July 14, 2014
Sony xperia z and samsung galaxy s4
Samsung ရဲ့ Galaxy S4 ဟာမထွက်ခင်ကတည်းကသတင်းတွေမျိုးစုံတွေ့မြင်ရမှာဖြစ်သလို တကယ်တမ်း ထွက်ရှိလာတော့ လည်းမထင်ထားလောက်တဲ့ Feature အချို့ကိုထည့်သွင်းပေးလိုက်ပါလို့လူအများ စိတ် ၀င်စားနေတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါ တယ်။ အခြားတစ်ဖက်မှာလည်းတိုးတိုးတိတ်တိတ်ဖန်တီးပြီးမှ လူအများအံသြလောက်အောင် Product အသစ်တွေကိုမိတ် ဆက်ပေးတက်တဲ့ ဂျပန်နိုင်ငံမှာ အခြေစိုက် ထားတဲ့ Sony ကုမ္ပဏီရဲ့ Xperia Z ကလည်းရေထဲမှာ စိမ်ထားနိုင်သလို အသုံးပြု ထားတဲ့ပစ္စည်း အစိတ်အ ပိုင်းတွေကအထူးကောင်းမွန်တဲ့အတွက်စွမ်းဆောင်ရည်ကပြောစရာမလိုအောင်ကောင်းမွန်ခဲ့တာ ကြောင့်စ
မတ်ဖုန်းသုံးသူတွေကြားအထူးတလည်စိတ်ဝင်စားခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်လို့လာပါတယ်။ ဒါ့ကြောင့်ယခုတစ်ပါတ် TechSpace ဂျာနယ်ပရိသတ်များအတွက် 2013 ခုနှစ် March လ 14ရက်နေ့မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ Samsung Galaxy S4 နဲ့ CES 2013 ၊ 2013ခုနှစ် ဇန်န၀ါရီလ အတွင်းမိတ်ဆက်ပေးခဲ့တဲ့ Sony Xperia Z တို့နှစ်လုံးရဲ့ ကွဲပြားခြားနား ချက်ကိုစု စည်းဖော်ပြပေးမှာဖြစ်ပါတယ်။
Display & Design
အရွယ်အစားအနေနဲ့ ကတော့ Phablet အနွယ်ဝင်ဖြစ်တဲ့ S4 ဟာ 5 လက်မရှိတဲ့ Super AMOLED capacitive touch- screen မှာ 1080 x 1920 pixels, (~441 ppi pixel density) ထိစွမ်းဆောင်နိုင်မယ့် Resolution ကိုပေးစွမ်းမှာဖြစ်သလို ပထမဆုံး Corning Gorilla Glass 3 ကိုအသုံးပြုတဲ့စမတ် ဖုန်းဖြစ် သွားသလို ရိုးရင်းလွယ်ကူစွာအသုံးပြုနိုင်မယ့် TouchWiz UI ကိုအသုံးပြုထားပါတယ်။ ရွေးချယ်ဝယ်ယူနိုင် မယ့် အရောင်ကတော့ နှစ်မျိုးတည်းသာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် ဖြစ်ပါတယ်။
5.0 လက်မရှိတဲ့ TFT capacitive touchscreen အမျိုးအစားမှာ IP57 certified - dust and water resistant ကိုထည့် သွင်းပေးထားလို့ ရေထဲမှာ နာရီဝက်ကျော်စိမ်ထားနိုင်မှာဖြစ်ပါတယ်။ Display က 5 လက်မရှိပေမယ့်လည်း 1080 x 1920 pixels ထိပေးစွမ်းနိုင်မယ့် Resolution ကိုရရှိမှာဖြစ်ပြီး Multitouch ကလည်း 10 fingers ထိသုံးနိုင်မှာပါ။ Sony Mobile BRAVIA Engine 2 ကိုသုံး ထားသ လို ရေ စိမ်ခံ နိုင်စေဖို့အတွက် Shatter proof and scratch-resistant glass ကိုသုံး ထား ပါတယ်။
Hardware
Samsung ဟာ S4 မှာ Chipset ကို Exynos 5 Octa 5410 ကိုထည့်သွင်းပေးထားသလို CPU ကိုတော့ Quad-core 1.6 GHz Cortex-A15 ကိုထည့်သွင်းပေးထားပါတယ်။ HD ဂိမ်းတွေကိုကောင်းကောင်းကစားနိုင်ဖို့ RAM ကို 2GB LPDDR3 ကို ထည့်သွင်းထားပြီး Storage ကိုတော့ Build-in 16/32/64GB ဆိုပြီးခွဲခြားထားသလို MicroSD မှ 64GB ထိတိုးချဲ့အ သုံးပြု နိုင်မှာဖြစ်ပါတယ်။ Samsung Galaxy S4အတွင်းထည့်သွင်းပေးထားတဲ့ OS ဟာ Android 4.2.2 (Jelly Bean) ဖြစ်ပါတယ်။
Sony ရဲ့ Xperia Z ရဲ့ Hardware ပိုင်းဆိုင်ရာအနေနဲ့ကတော့ Qualcomm MDM9215M / APQ8064 Chipset ကိုအ သုံး ပြုထားပြီး Quad-core 1.5 GHz Krait CPU ကိုသုံးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန် စေဖို့နဲ့ HD ဂိမ်းတွေကိုကစားနိုင်ဖို့ 2 GB RAM ကိုတပ်ဆင်ထားတာကိုတွေ့ရပြီးတော့ GPU ကိုတော့ Adreno 320 ကိုထည့် သွင်း ထားပါတယ်။ ထည့်သွင်းအသုံးပြုထားတဲ့ Operating System ကိုတော့ Android 4.1.2 (Jelly Bean) ဖြစ်ပါတယ်။
Camera
S4 ဟာကင်မရာအရည်အသွေးကတော့ 13MP ထိ Resolution ကိုပေးစွမ်းမှာဖြစ်ပြီး autofocus, LED flash စတာတွေပါ ၀င်သလို Dual Shot, Simultaneous HD video and image recording, geo-tagging, touch focus, face and smile detection, image stabilization နဲ့ HDR စတဲ့ Feature တွေထည့်သွင်းထားပါတယ်။ ဓါတ်ပုံတွေကို 4128 x 3096 pixels ထိကြည် လင်ပြတ် သားေ အာင်ရိုက်ကူးထားနိုင်မှာဖြစ်ပါတယ်။ Primary ကင်မရာနဲ့ Secondary နှစ်ခုလုံးကနေ HD ရုပ်ထွက် ကိုပေးစွမ်းမှာပါ။ 2Megapixel ရှိတဲ့ Secondary ကင်မရာကိုလည်းတပ်ဆင်ပေးထားပါတယ်။
ကင်မရာကို 13.1 MP အဖြစ်ထည့်သွင်းထား တဲ့ Xperia Z ဟာဓါတ်ပုံတွေကိုရိုက်ကူးမယ်ဆိုရင်လည်း 4128x3096 pixels ထိရ ရှိတဲ့အရည်အသွေးပိုင်းကိုပေးစွမ်းနိုင်မှာဖြစ်သလို Geo-tagging, touch focus, image stabilization, HDR နဲ့ sweep panorama စတဲ့ Feature တွေကိုလည်းတွေ့မြင်ရမှာပါ။ Video ပိုင်းမှာလည်း 1080p@30fps နှုန်းနဲ့ရိုက်ကူး နိုင် ပြီး 2.2 MP ရှိတဲ့ Secondary ကင်မရာလည်း ထည့် သွင်းပေးကာ Secondary ကင်မရာကလည်း HD ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပါတယ်။
S4 နဲ့ Xperia Z တို့နှစ်မျိုးလုံးဟာတကယ့်ကိုကောင်းမွန်ပြီးထူးခြားချက်များစွာပြည့်နှက်နေတဲ့ စမတ်ဖုန်းေ တွဖြစ်တာပါတယ်။ Samsung ရဲ့ပရိသတ်များကလည်း S4 ကိုကောင်းကောင်းချီးမွမ်းကြမှာဖြစ်သလို Sony ရဲ့ချစ်သူတွေ ကလည်း Xperia Z ကိုချီးမွမ်းကြမှာဖြစ်ပါတယ်။ အကြမ်းဖျင်း ကြည့်လိုက် မယ်ဆိုရ င်တော့ စွမ်းဆောင်ရည်ချင်းကွာခြားမှုအနည်းငယ်သာရှိပြီး ဈေးနှုန်း အရကွာခြားနေတာကိုတွေ့မြင်ရမှာပါ။ Xperia Z ဟာဈေးနှုန်းသက်သာပြီး ပြည်တွင်းမှာဆိုရင်တောင် ကျပ် 6 သိန်း ၀န်းကျင်သာရှိနေချိန်မှာ Samsung ရဲ့ Galaxy S 4 ရဲ့ခန့်မှန်းဈေးနှုန်းက iPhone 5 ထက်တောင်ဈေးပို နေတာကို တွေ့မြင် ရပါတယ်။
Technical Specs of Samsung Galaxy S 4
Processor : Quad-core 1.6 GHz Cortex-A15 & quad-core 1.2 GHz Cortex-A7
RAM : 2GB
Storage : 16/32/64 GB (microSD, up to 64 GB)
Camera : 13MP, Front-facing 2MP
OS : Andriod 4.2.2
Display : 5 inches
Technical Specs of Sony Xperia Z
Processor : Qualcomm MDM9215M Quad-core 1.5 GHz Krait
RAM : 2GB
Storage : 16GB (microSD, up to 32 GB)
Camera : 13.1MP, Front-facing 2.2MP
OS : Android 4.1.2 (Jelly Bean)
Display : 5.0 inches
Subscribe to:
Post Comments (Atom)
No comments:
Post a Comment