Tuesday, December 9, 2014

ဘူးသီးတောင်တွင် ဘင်္ဂါလီ အမျိုးသား တစ်ဦးက ဘင်္ဂါလီ အမျိုးသမီး တစ်ဦးအား ခေါင်းဖြတ်သတ်

ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ အနီးတွင် ဘင်္ဂါလီ အမျိုးသား တစ်ဦးက ဘင်္ဂါလီ အမျိုးသမီး တစ်ဦး အား ခေါင်းဖြတ် သတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းလူသတ်မှုသည် ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခေါင်းဖြတ် အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။ ထိုသို့ ရှာဖွေနေစဉ် အမည်မသိသူ ဘင်္ဂါလီတစ်ဦးသည် ဓားမတစ်ချောင်း ကိုင်ဆောင်ကာ ပြေးလာပြီး မယာစမိန်ကို ရုတ်တရက် ဝင်ခုတ်ရာဦးခေါင်း ပြတ်ထွက်သွားခဲ့ပြီး ၁ဝပေ အကွာအထိ လွင့်စင်ထွက်သွားခဲ့သည်ဟု သိရှိရသည်။ “သေဆုံးသူရဲ့ အလောင်းကို ဦးခေါင်းသပ်သပ်၊ ခန္ဓာကိုယ်သပ်သပ် ၁ဝပေလောက်အထိ ကွာပြီး တွေ့ပါတယ်။ အဲဒီရွာနား တောစပ်က လယ်ကန်သင်းဘေးမှာ တွေ့ခဲ့ရတာပါ၊ အဲဒီတရားခံကိုတော့ ရွာသားတွေအကူအညီနဲ့ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ သူအသုံးပြုခဲ့တဲ့ ဓားကတော့ သစ်သားအရိုးတပ် တစ်တောင် ကျော်ကျော်ရှည်တဲ့ ဓားမကြီးပါ။ သူ့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တောင်ဘဇာရဲစခန်းကိုလွှဲအပ်ခဲ့ပါတယ်” ဟု စစ်ဆေးခဲ့သူ ရဲအရာရှိကပြောသည်။ တရားခံမှာ နေရပ်လိပ်စာမသိ(စုံစမ်းဆဲ) ဂျူဘိုင် (အသက် ၂၂နှစ်) ဖြစ်ပြီး မည်သည့် အကြောင်း အရာကြောင့် လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သက်ဆိုင်ရာက ဆက်လက် စစ်ဆေး နေဆဲဖြစ်ပြီး စိတ်မနှံ့သောကြောင့် စိတ်ဖေါက်ပြန်ပြီး ပြစ်မှုကျူးလွန်ခြင်း ဖြစ်နိုင်ကြောင်း ပဏာမ စုံစမ်းမှုများအရ သိရှိရသည်။ အဆိုပါလူသတ်မှု သတင်းကြောင့် ပြည်သူများ အနည်းငယ်ထိတ်လန့်မှု ရှိခဲ့ပြီး မြို့နှင့် အလှမ်းဝေးသော ကျေးရွာများတွင် နေ့ချင်းပြန် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများမှာလည်း လမ်းခရီးကို စိုးရိမ်မှုများ ရှိကြောင်း ပြောဆိုကြသည်။ "သူတို့ အချင်းချင်း‌တောင် ဒီလိုဖြစ်‌‌နေမယ်ဆို ကျွန်မတို့ စိုးရိမ်ပါတယ်။ ဒါမျိုး မဖြစ်ဘူးလို့ မ‌ပြောနိုင်ဘူး၊ ‌ကြောက်တာ‌ပေါ့" ဟု ဘင်္ဂါလီကျေးရွာသို့ နေ့စဉ် စာသင်ရန်သွားရောက်နေရသည့်‌ ကျောင်းဆရာမ တစ်ဦး က‌ပြောသည်။ တရားခံကို ဖမ်းဆီးရမိထားပြီးဖြစ်၍ အခြားရည်ရွယ်ချက်ကြောင့် ပြစ်မှုကျူးလွန်ခြင်း မဖြစ်နိုင်သဖြင့် စိုးရိမ်စရာ မရှိကြောင်း လုံခြုံရေး တာဝန်ရှိသူများက ပြောသည်။ News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Thursday, December 4, 2014

ဘာသာခြားလက်ထပ်မည့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လိုက်နာရမည့် ဥပဒေကြမ်းထုတ်ပြန်

အငြင်းပွား ဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိ လေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေနဲ့ ဘာသာခြား ယောက်ျားတို့ရဲ့ ထိမ်းမြား၊ ကွာရှင်း၊ အမွေဆက်ခံ၊ ပစ္စည်းခွဲ၊ သားသမီး ထိန်းသိမ်းတာတွေနဲ့ စပ်လျဉ်ပြီး အခွင့်အရေးမျှတစွာ ခံစားနိုင်ဖို့နဲ့ ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ ဖော်ပြထားပါတယ်။ ဘာသာခြားယောက်ျားတွေအနေနဲ့ ထိမ်းမြားထားတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို သူတို့ သက်ဝင်ယုံကြည်တဲ့ဘာသာကို လွပ်လပ်စွာ ကိုးကွယ်ခွင့်ပြုဖို့၊ သူတို့နဲ့ ရတဲ့သားသမီးတွေရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုဖို့၊ အလှူဒါနပြုတာ ဘုရားရှိခိုးတရားနာတာစတဲ့ ဘာသာရေးဆောင်ရွက်ချက်တွေကို ခွင့်ပြုဖို့၊ ဘာသာရေးအရ စော်ကားတာတွေ မလုပ်ဖို့နဲ့ အထွတ်အမြတ်ထားတဲ့ အရာဝတ္တူ၊တွေကို ဖျက်ဆီးတွေမလုပ်ဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေ လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။ ဒါပေမမယ့် ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းထိမ်းမြားလက်ထပ်တာနဲ့ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေ အချင်းချင်း ထိမ်းမြားလက်ထပ်တာတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။ ဒီဥပဒေကြမ်းဟာ သမ္မတ ဦးသိန်းစိန်အစိုးရက အတည်ပြုပြဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက တခုဖြစ်ပြီး မနေ့ကတော့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မျိုးစောင့်ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဗဟိုအဖွဲ့ က လူပေါင်း ၁၃ သိန်းရဲ့ လက်မှတ်တွေနဲ့အတူ သမ္မတထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဒီဥပဒေတွေဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်မှုတွေရှိ တယ်ဆိုပြီး ဝေဖန်မှုတွေ လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာ ဖြစ်ပါတယ်။ By ဒီဗွီဘီ http://burmese.dvb.no/archives/72583

မွတ်စလင်ညီအစ်ကိုများ အဖွဲ့  ထောက်ခံသူ ၁၈၈ ဦးကို အီဂျစ်တရားရုံးက သေဒဏ်ချမှတ်

ကိုင်ရို ဒီဇင်ဘာ ၃ မတရားသင်းအဖြစ် ကြေညာခြင်း ခံထားရသည့် မွတ်စလင်ညီအစ်ကိုများ အဖွဲ့ထောက်ခံသူ ၁၈၈ ဦးကို အီဂျစ် တရားရုံးက သေဒဏ်ချ မှတ်လိုက်ကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ ဖော်ပြသည်။ ၂ဝ၁၃ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်အား ကြီးမားသည့် ဆန္ဒပြပွဲများ အတွင်း ကိုင်ရို မြို့အနီးရှိ ရဲစခန်းတစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ၄င်းတို့ကို သေဒဏ်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။ ရဲဝန်ထမ်း ၁၁ဦးသေဆုံးခဲ့သည့် မွတ်စလင်ညီ အစ်ကိုများ အဖွဲ့၏ အဆိုပါ အကြမ်းဖက်မှုသည် အီဂျစ်အစိုးရလုံခြုံ ရေးတပ်ဖွဲ့များက မွတ်စလင် ညီအစ်ကို များအဖွဲ့ကိုထောက်ခံသည့် ဆန္ဒပြသူ ၁ဝဝကျော် သေဆုံးစေခဲ့သည်အထိ ဖြို ခွင်းခဲ့သောနေ့နှင့် တစ်ရက်တည်းဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဖြုတ်ချခံခဲ့ရသည့် သမ္မတဟောင်းမော်စီကို ထောက်ခံသည့် မွတ်စလင်ညီအစ်ကိုများအဖွဲ့၏ဆန္ဒပြမှု များသည် ၂ဝ၁၃ခုနှစ်တွင် မြို့တော်ကိုင် ရို၌ အင်အားကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး အာ ဏာပိုင်များ၏ဖြိုခွင်းမှုကြောင့် ရာပေါင်း များစွာ သေဆုံးခဲ့ရသည်။ ယခုသေဒဏ် ချမှတ်မှုကို ဇန်နဝါရီ ၂၄ရက်မတိုင်မီ အ ယူခံဝင်နိုင်ကြောင်းသိရသည်။ သေဒဏ် ချမှတ်ခံရသည့် ၁၈၈ ဦးအနက် ၁၄ဝ သည် အဖမ်းခံထားရသူများဖြစ်ပြီး ကျန် သေဒဏ်ချမှတ်ခံထားရသူများမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်းသိရသည်။ သေဒဏ်ချမှတ်ခံရသူများသည် ၂ဝ၁၃ သြဂုတ် ၁၄ရက်တွင် ကိုင်ရိုမြို့ အနီးကာတာဆာကျေးရွာရှိရဲစခန်းကို အကြမ်းဖက်ခဲ့ခြင်းဖြစ်ပြီးရဲဝန်ထမ်း၁၁ဦး သေဆုံးခဲ့သည်။ အဆိုပါနေ့တွင်ပင် အခြားရဲစခန်းတစ်ခုကိုအကြမ်းဖက်တိုက်ခိုက် ခဲ့ခြင်းကြောင့် မွတ်စလင်ညီအစ်ကိုများ အဖွဲ့ထောက်ခံသူ ၅ဝဝ ကျော်ကို သေ ဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။ မွတ်စလင် ညီအစ်ကိုများအဖွဲ့၏ အဓိကဦးဆောင်သူ မော်စီကို ထောက်ခံသည့် ဆန္ဒပြမှုများ မတိုင်မီ ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က မော်စီကို သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။ သမ္မတမော်စီကိုယ်တိုင်သည်လည်း စစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ သမ္မတ အယ်လ်စီစီကို ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး နောက် အယ်လ်စီစီကိုဖြုတ်ချကာ သမ္မတ ရာထူးကို ရယူခဲ့သူဖြစ်သည်။ ယခု ၁၈၈ ဦးကို သေဒဏ်မချမှတ်မီ နိုဝင်ဘာ ၃ဝ ရက်၌ အာရပ်နွေဦးကာလ ၂ဝ၁၁ ခုနှစ် တွင် ရာထူးမှဖြုတ်ချခံခဲ့ရသည့် သမ္မတ မူဘာရက်ကို တရားစွဲထားသည့်စွဲချက် အားလုံးကို ပြန်လည်ပယ်ဖျက်ပေးခဲ့ သည်။ လက်ရှိအချိန်တွင် အီဂျစ်အစိုးရ အဖွဲ့အနေဖြင့် မူဘာရက်ကို အာဏာပြန် လည်အပ်နှင်းပေးလိုသည့်အရိပ်အယောင် များအပေါ် ကန့်ကွက်ဝေဖန်မှုများထွက် ပေါ်လျက်ရှိသည်။ T 1 P (Ref :BBC)