Sunday, July 27, 2014

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုး များအနေဖြင့် အစ္စလာမ်ဘာသာဝင် များမဟုတ်သည့်အတွက်ရခိုင်မူဆ လင်ဆိုသည်မှာ ယခင်ကလည်း မရှိ၊ ယခုလည်းမရှိကြောင်း ရခိုင် ဒေသခံများကပြောသည်။''လက်ရှိ ဘင်္ဂါလီလူမျိုးတွေကိုရခိုင်မူဆလင် ဆိုရင် ကျွန်တော်တို့လုံးဝလက်ခံမှာ မဟုတ်ဘူး။ ရခိုင်မူဆလင်ဆိုပြီး အခုပြဿနာဖြစ်နေတဲ့ရိုဟင်ဂျာအရေး ကိစ္စမပေါ်မီကတည်းက ဘင်္ဂါလီ လူမျိုးတွေကရခိုင်ဒေသခံတွေအဖြစ် ရအောင် အစဉ်တစိုက်ဆောင်ရွက် ခဲ့တာရှိပါတယ်။ ၁၉၇၃ခုနှစ် သန်း ခေါင်စာရင်းကောက်ယူတဲ့အခါမှာ လဲ ဒီကိစ္စဟာအရေးကြီးကိစ္စတစ် ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအခါတုန်းကသန်းခေါင်စာရင်း ကောက်ယူတဲ့အခါ မူဆလင်တွေ ကသူတို့ဟာမူဆလင်တွေဖြစ်တယ်။ ဒါကြောင့် လူမျိုးအမည်မှာရခိုင် ထည့်ပြီးကိုးကွယ်တဲ့ဘာသာနေရာမှာ အစ္စလာမ်ထည့်ဖို့တောင်းဆိုခဲ့ပေ မယ့်အဲဒီတုန်းက ဒေသခံအာဏာပိုင် တွေကလက်မခံခဲ့ပါဘူး''ဟု ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ရာတွင် ရပ်ကွက်ကော်မရှင်အတွင်း ရေးမှူးအဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သူရဲနွယ်စုရပ်ကွက်မှဦးမောင် ကျော်အေးကပြောသည်။ရပ်မိရပ်ဖ ဦးသန်းထွန်းကလည်း ယခုလ ၁၃ ရက်တွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ် ကြီးသက်နိုင်ဝင်းနှင့်ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းတို့ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာတွင်တာဝန် ရှိသူတစ်ဦးက ဘင်္ဂါလီလူမျိုးအချို့ ၏သုံးခေါက်ချိုးမှတ်ပုံတင်များတွင် ရခိုင်မူဆလင်ဆိုသည်ကို တွေ့ရ ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment