Sunday, September 7, 2014
အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်မှု ကြိုဆင်ပြင်ဆင်ထားဖို့ သတိပေး
မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ သတိထားကာကွယ်ကြဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင်ရွက် မှုတွေ ပြည့်ပြည့်စုံစုံ စီမံလုပ်ဆောင်ဖို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ ) အဖွဲ့ (ဗဟို) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်တွေက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအပေါ် ဘာသာရေးကို အခြေခံပြီး အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ခုလိုကြေညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်း မဘသ (ဗဟို) ရဲ့ဥက္ကဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်တိလောကဘိဝံသ က မိန့်ကြားပါတယ်။
"မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ ဆင်းရဲမွဲတေမှုပေါ်မူတည်ပြီးတော့ ဘာသာရေးနိုး ကြွမှုတို့၊ အမျိုးဘာသာစောင့်ရှောက်မှုတို့က အားနည်းနေတဲ့အချိန်အခါ ဦးဇင်းတို့ ဒီနိုင်ငံရေးကို ဝင်မယ်ဆိုရင်တော့ အန္တရာယ်ရှိနေတော၊့ ဒါကြောင့်မို့လို့ ဒါတွေကို တွက်ချက်ပြီးတော့၊ အားလုံးသတိထားပြီး ကာကွယ်ကြပါ၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်ယူပေးကြဖို့ ဦးဇင်းတို့ ကြေညာတယ်၊ ဒီလိုလုပ်ရပ်ကိုလည်း ၂၁ ရာစုမှာ မရှိသင့်တဲ့၊ မလုပ်သင့်တဲ့အရာတွေဖြစ်လို့ ကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်း ကြေညာထားတယ်"
အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေမှာ Al-Qaeda အဖွဲ့ခွဲတစ်ဖွဲ့ကို အိန္ဒိယမှာဖွဲ့စည်းထားကြောင်း ၊ အဲ့ဒီအဖွဲ့ က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယားက မွတ်စလင်တွေကို မမျှတမှုတွေ ဖိနှိပ်ခံရမှုတွေက လွတ်ကင်းအောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်နေ့က ဗွီဒီယိုကနေ တဆင့်ပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦင်္ီးကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကြိုတင်ရိပ်စားသိရှိထားတဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စောင့် ကြည့်လေ့လာ သတိပေးစနစ်အပါအဝင် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ထားခဲ့တယ် လို့ပြောပါတယ်။
RFA Burmese
Saturday, September 6, 2014
IS ကို ချေမှုန်းဖို့ အမေရိကန်ကို အီရန် ကူညီမယ်
IS အစ္စလာမစ် နိုင်ငံအဖွဲ့ကို ချေမှုန်းနိုင်ရေး ကြိုးပမ်းမှုတွေမှာ အထောက်အကူ ပေးဖို့အတွက် အီရန်နိုင်ငံရဲ့ သြဇာ အကြီးဆုံးသူ ဖြစ်တဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီက အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံ ပြောဆိုဖို့ လက်ခံလိုက်ကြောင်း ဘီဘီစီက စုံစမ်း သိရှိရပါတယ်။
အီရတ် နိုင်ငံ မြောက်ပိုင်းက IS လက်နက်ကိုင်တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အမေရိကန်၊ အီရတ်၊ ကာ့ဒ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အီရန် တော်လှန်ရေး တပ်ဖွဲ့ Revolutionary Guard ရဲ့ ထိပ်တန်း တပ်မှူး တဦးကို အယာတိုလာ ခါမေနီက ညွှန်ကြားလိုက်တယ်လို့ တီဟီရန်မှာ ရှိတဲ့ အမည် မဖော်လိုသူ တဦးက ဘီဘီစီ ပါရှန်း ဌာနကို ပြောပါတယ်။
အစဉ်အလာ အားဖြင့် အီရန်ဟာ အီရတ်မှာ အမေရိကန်ရဲ့ စွက်ဖက်မှုကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရှီးယား မွတ်ဆလင်တွေ ဖြစ်တဲ့ အီရန်တို့က အစွန်းရောက် ဆွန်နီတွေ ဖြစ်တဲ့ IS အဖွဲ့ကို မိစ္ဆာဒိဋ္ဌဌိတွေ အဖြစ် ယူဆပြီး အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု အဖြစ် မှတ်ယူ ထားတယ်လို့ ဆိုပါတယ်။
ဘီဘီစီိ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140905_is_iran_us.shtml
သတင်းထောက်တွေကို အကြမ်းဖက် သတ်ဖြတ်တာ ရပ်ဖို့ ဥရောပအဖွဲ့ တောင်းဆို
သတင်းထောက်တွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေ ချက်ခြင်း ရပ်တန့်ပေးဖို့ OSCE ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို သတင်းယူဖို့ ရောက်နေကြတဲ့ သတင်းထောက်တွေကို ပြန်ပေးဆွဲမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ OSCE အဖွဲ့က အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
သတင်းထောက်တွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic က Vienna မြို့မှာ သောကြာနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သတင်းထောက်တွေ ကို ပြန်ပေးဆွဲတာဟာ ကြောက်မက်ဖွယ်ကောင်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကြီးမားစွာ ခြိမ်းချောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူမက ပြောပါတယ်။
ESpreso TV သတင်းထောက် Yegor Vorobyov ဟာ Donetsk ဒေသအတွင်းက Ilovaisk မှာ သြဂုတ်လကုန်ပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရပါတယ်။ သူဟာ ခွဲထွက်ရေး သမားတွေရှိတဲ့ ဒေသအနီးကနေ သတင်းပို့နေသူဖြစ်ပြီး ခုချိန်ထိ ပျောက်ဆုံးနေ ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အလွတ်သတင်းထောက် Roman Cheremsky ဟာလည်း ခွဲထွက်ရေးသမားတွေရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး ခုချိန်ထိ သူဘယ်ရောက်နေတယ်ဆိုတာကို မသိနိုင်သေးပဲ ဖြစ်နေပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အားလုံး ပြန်မလွတ်မချင်း သူမဌာနအနေနဲ့ ဒီကိစ္စကို အစဉ်တစိုက် ထုတ်ဖော် ပြောဆိုသွားမယ်လို့ Mijatovic က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခကာလအတွင်း အနည်းဆုံး သတင်းထောက် ၆ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/osce-concern-journalists/2440646.html
Subscribe to:
Posts (Atom)