Sunday, July 27, 2014

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်

အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။ ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။ အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။

No comments:

Post a Comment