Tuesday, November 25, 2014
Myanmar and Thailand တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း
O-7
တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း
အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ဒုအရာခံဗိုလ် ကျော်ဌေးဦးစီး အင်အား(၁၀)ဦးနေ၇ာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီး (၂၀)ဦးခန့်မှ နေရာယူတပ်စွဲရန်လာရောက်စဉ်မိမိတပ်မှ မြန်မာ့ပိုင်နက်ဖြစ်ကြောင်း ပြန်လည်ပြောဆို မောင်းထုတ်ရာမှ ပြန်မဆုတ်ပဲ စခန်းကုန်းရှေ့ ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး (၇-၁-၂၀၀၁)ရက်နေ့တွင် ယိုးဒယားတပ်မှ ဗိုလ်ကြီး ယိုးထင်ဦးစီးအင်အား(၄၀) ယောက်မှေ၇ာက်ရှိပီး ကုန်းမှဖယ်ပေးရန်ပြောကြားမှုကြောင့် ခမရ(၃၅၉) တပ်ခွဲ(၂) တပ်စု(၄)အားဖြည့်တင်း လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ယိုးဒယား တပ်မတော်မှ ခြေလျင်စစ်သည်(၁၀၀) COMMANDO သံချပ်ကာ(၂)စီး M-60 တင့် ၄စီး ၁၂၀ မမယာဉ်တင်စိန်ပြောင်း၂ လက်ထပ်မံရောက်ရှိလာမှု နှစိနိုင်ငံနယ်ခြာပြသနာ စတင်ဖြစ်ပွားခဲ့ရပါသည်။
နယ်မြေအခြေအနေ
မြန်မာ့တပ်မတော်မှ တရုတ်ဖြူအားတိုက်ခိုက်စဉ် အိုတောင်ကုန်းအား (OBJECTIVE-7)ဟုသတ်မှတ်ရာမှ အို-၇ ဟု ခေါ်တွင်ခဲ့ ပီးထိုတောင်ကုန်းအနီးတွင် ဦးကုသလသီတင်းသုံးသည့် ဘုန်းကြီးကျောင်းရှိသည်။ အို-၇တောင်ကုန်းသည်တာချီိလိတ်မြို့ ပုန်းထွန်ရပ်ကွက်အနီးတွင်နည်ရှိပါသည်။ စခန်းကုန်း၏ အရှေ့မြောက် (၂၅၀၀)ကိုက်အကွာတွင် တဘက်နိုင်ငံ မယ်ဆိုင်မြို့ ရှိပီး လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ပါသည်။
တိုက်ပွဲတွင်ပါဝင်သောတပ်များ
ရန်သူ့ ယိုးဒယားတပ် တိုင်း(၃)လက်အောက်ခံ ခြေလင်တပ်(၃၀၀)၊ M-60 MBT (၃)စီး၊ stringary ligt tank (၂)စီး၊ commando သံချပိကာယာဉ်(၅)စီး MLRS (၃)စီး ၁၂၀မမ ယာဉ်တင်စိန်ပြောင်း (၅)လက် ၆၀မမ (၄)လက် RPG(၁၂)လက် .၅ စက်သေနက်ကြီး (၆)လက် ပါရှိပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် ခမရ(၃၅၉) မှ စစ်ကြောင်း(၂)တပ်စု(၈)စု အင်အား (၂၂၀) ၈၁မမစိန်ပြောင်း (၂)လက် MA-7 (၂)လက် BA-103 လောင်ချာ(၂)လက် MG-3 စက်လက်(၂)လက် နှင့် ပစ်ကူအနေဖြင့် အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ (၁၂၀)မမစိန်ပြောင်း (၃)လက် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ SUPER GALAP G-4 မြေပြင်တိုက်ခိုက်ရေး လေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။
ကွပ်ကဲမှု
အို-၇ တောင်ကုန်းတိုက်ပွဲဖြစ်စဉ်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်( ယခုနိုင်ငံတော်သမတကြီး) သည် အနီးကပ်ကွပ်ကဲခဲ့သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မိုင်းဖြတ်မှ စစိဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးတင်မောင်ဝင်းသည် လွယ်မဆုတ်၊ လွယ်ခန်းကျုံ၊ ကျတီးနားဂွင်အတွင်းရှိ တပ်၇င်းများအားကွပ်ကဲခဲ့သည်။ရန်သူယိုးဒယားတပ်မတော်မှ အမှတ်(၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်ချိုင်းမြွန်ဝုန်သည် မယ်ဆိုင်တွင်အခြေပြု ကွပ်ကဲခဲ့သည်။
တိုက်ပွဲဖြစ်စဉ်အဆင့်ဆင့်
၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ (၀၅၁၅)နာရီခန့်တွင်ယိုးဒယား တပ်ကင်းနေရာမှ လက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့သည်။ အမှတ်(၃၅၉)ခြေမြန်တပ်ရင်း ခံစစ်စည်းရိုးရှေ့ ကိုက်(၃၀)ခန့်အကွာသက်ကယ်တောအတွင်း ယိုးဒယားတပ်အင်အား (၂၀)ခန့် ရောက်ရှိလျှက်ရှိကြောင်းတွေ့ရှိရသဖြင့် ရန်သူအားလက်နက်ငယ်ဖြင့် ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ရန်သူမှ ဗိုလ်ကြီးစောနိုင်ဥိး ဦးစီးခွဲ (၄)နေရာယူထားသည့် အို-၇ ပွိုင့်ကုန်းအား၎င်းတို့နှင့်မျက်နှာချင်းဆိုင် ကိုက်(၂၀၀)အကွာရှိကျောက်တောင်ကုန်းမှ လက်နက်ငယ် စက်လက် ဒသမ၅စက်သေနတ်ကြီးတို့ဖြင့် စတင်ပစ်ခတ်သဖြင့် မိမိမှ လက်နက်ငယ် ဘီအေ-၁၀၀များဖြင့် ပြန်လည်စုပြုံပစ်ခတ်စေခဲ့သဖြင့် ရန်သူသည်ရည်မှန်းချက်မအောင်ပဲ အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဗိုလ်ကြီးစောနိုင်ဦးဦးစီးသည့် အို-၇ တောင်ကုန်းအား (၀၆၃၀)နာရီခန့်မှစ ပီး ယိုးဒယား တပ်မှလက်နက်ကြီးဖြင့် အချက်(၄၀)ပစ်ခတ်ခဲ့ရာ(၀၇၃၀)နာရီတွင် အပစ်ရပ်သွားပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။တိုက်ပွဲဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် ခမရ(၃၅၉) ၇ှိဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးစိုးဇော်ဦးစီးစစ်ကြောင်း(၂)နှင့် ဗိုလ်စောဝင်းတင်ဦးစီး တပ်ခွဲ(၁)ခွဲ တို့သည်တပ်ရင်းဌာနချုပ်မှ (၀၅၅၀)နာရီတွင်ထွက်ခွာခဲ့ရာ အို-၇တေယင်ကုန်းသို့ (၀၇၀၀) နာရီတွင်ရောက်ရှိပီး ဒုအရာခံဗိုလ်ကြည်မြင့် ဦးစီး ခွဲ(၁)စု(၁)စု အားချက်ျခင်းအားဖြည့်တင်းစေခဲ့ပီးရန်သူ့နေရာများပစ်ကုပေးတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသောစစ်သည်များအား တောင်ကုန်းအောက်ခြေ ပုန်းထွန်ပူးပေါင်းဂိတ်သို့ (၀၈၃၀)နာရီတင်သွားရောက်ပို့ဆောင်နိုင်ခဲ့သည်။ (၀၉၁၅)ချိန်တွင်ရင်ဆိုင်ကုန်းများသို့ရန်သူ့ COMMANDOသံချပ်ကာ (၅)စီး နှင့် ထရပ်ကားဖြင့်တင်ဆောင်လာသောယိုးးယားရိန်းဂျား စစ်သည် (၂၀၀)ခန့်ေ၇ာက်ရှိ အင်အားဖြည့်တင်းလာခဲ့သည်။ ၄င်းအပြင်အရှေ့တောင်ဘက် တောင်ခြေတွင်လည်း တင့် (၃)စီးနှင့် ရန်သူ့စစ်သည်(၆၀)ဦးထပ်မံရောက်ရှိလာသည်ကိုတွေ့ရှိရသဖြင့် အထက်ဌာနသို့သတင်းပို့ခဲ့ရာ နမ့်စန်လေတပ်စခန်း ဌာနချုပ်ရှိ G-4 တိုက်လေယာဉ်များ အသင့်ပြင်ဆင်ထားရှိခဲ့သည်။
မြန်မာ့တပ်မတော်၏ တိုးတက်ပြောင်းလဲမှုများနှင့် 2014 - မျှော်လင့်ချက်များနှင့် 2015
၂၀၁၄ ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်မှု၊ အင်အားဖြည့်ဆည်းမှု ခြေလှမ်းများသည် မြန်မာ့တပ်မတော်ကို စိတ်ပါဝင်စားစွာလေ့လာစောင့်ကြည့်နေကြသူများအဖို့
အရေးပါသော တိုးတက်မှုခြေလှမ်းသစ်များကို အများအပြား မြင်ရသော နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။
ယခုနှစ်အတွင်း တရားဝင်ထုတ်ပြန်သော စစ်ရေးလေ့ကျင့်မှုများအဖြစ် မိတ္တီလာ၊ မုန်တိုင်ဒေသတွင် လေ့ကျင့်ခဲ့သော အောင်ဇေယျ ခြေလျင်၊ တင့်၊ အမြောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း၊
မြန်မြာ့ပင်လယ်ပြင်တွင် ပြုလုပ်လေ့ကျင့်ခဲ့သော Sea Shield 2014 ရေပြင်တိုက်စစ် လေ့ကျင့်ခန်းတို့သည် ကြီးမားသလောက် လေ့လာသူတို့ အံ့အားသင့်ဖွယ် အသွင်သဏ္ဍာန်တို့ဖြင့် ပြည်သူများ၏ရှေ့မှောက်သို့
တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စစ်ရေးလေ့ကျင့်နေမှုများအဖြစ် ပေါ်ထွက်ခဲ့ကြပါသည်။
Sunday, November 23, 2014
E L L O
ကြော်ငြာတွေလုံးဝ မရှိစေရပါဘူးလို့ဆိုတဲ့ Ello လူမှုကွန်ယက်သစ်က Facebook နဲ့အပြိုင်ဖြစ်နေပြီလားဆိုတာကို ဘလော့ဂါတွေပြောသမျှ အစီအစဉ်မှာ သိရပါမယ်၊
Pyu (myanmar)
မန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က တောင်ဘက်မှာ သရေခေတ္တရာ၊ ဗိဿ နိုး နဲ့ အလယ်ပိုင်း မိုင်းမောကနေ မြောက်ဘက် ဟန်လင်း၊ တကောင်း အထိ ပျူမင်းဆက်တွေ အုပ်ချုပ်ခဲ့တာပါ။
ဒီဒေသမှာ နေထိုင်သူတွေကို ပျူလို့ သတ်မှတ်ရာမှာ အဓိက စာပေနဲ့ ခွဲခြားသတ်မှတ်ခဲ့တာဖြစ်ပြီး ဒီ ပျူစာပေကို အကြောင်းပြုပြီး ပျူလူမျိုး၊ ပျူဒေသ၊ ပျူစာပေလို့ သတ်မှတ်ခဲ့တာလို့ ရှေးဟောင်း သုတေသန ပါမောက္ခ ဦးသာထွန်းမောင်က ပြောပါတယ်။
အရှေ့တောင်အာရှဒေသမှာ ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ ဒေသဖြစ်တဲ့ အရေးပါတဲ့ ဒီဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တရပ် အဖြစ် ထိမ်းသိမ်းရမယ့် စာရင်းမှာ ထည့်သွင်း လိုက်ပါပြီ။
စတုရန်း၊ ထောင့်မှန်စတုဂံနဲ့ စက်ဝိုင်းတွေ ပါဝင်တဲ့ ပျူခေတ် ပျူပညာရှင်တွေရဲ့ မြို့ပြစီမံကိန်းမှာ အိန္ဒိယ လက်ရာတွေနဲ့ ရောထွေးနေတဲ့ ပျူ ဒေသခံတွေရဲ့ လက်ရာတွေကို တွေ့ရပါတယ်။ စက်ဝိုင်းပုံတည်ထားတဲ့ မြို့ကို စတုရန်းပုံ၊ ထောင့်မှန် စတုဂံပုံ မြို့ရိုးတွေနဲ့ ရံပြီး အိန္ဒိယပုံစံ ဂိတ်တံခါး ၁၂ ခုနဲ့ တည်ဆောက်တတ်ကြတဲ့ ပျူလက်လရာတွေကို ရှေးမြန်မာမင်းတွေ တည်ထားတဲ့ နန်းမြို့တွေကနေ ၁၉ ရာစု မန္တလေးမြို့တည်တဲ့အထိ တွေ့နေရတာပါ။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်း တလျှောက် တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေကနေ လမ်းပေါက်တဲ့ ဒေသတွေမှာ ဒီ ပျူ ရှေးဟောင်း မြို့တွေကို တည်ထားကြတာ ဖြစ်ပါတယ်။
တူးဖေါ်ရရှိမှုတွေမှာ ဒီမြို့ရိုးနဲ့ လူအသုံးအဆောင်တွေက တပိုင်း၊ သာသနိက အဆောက်အအုံတွေကို တပိုင်း၊ ၂ ပိုင်းခွဲခြားပြီး လေ့လာနိုင်တယ်လို့ ဦးသာထွန်းမောင်က ပြောပါတယ်။ အခုထိ တူးဖေါ်ရရှိတဲ့ မြို့ရိုး အရာ ၁၂ ခု ရှိနေပြီး ၅ ခုက ကြီးမားတဲ့ အုတ်မြို့ရိုးတွေ ဖြစ်ပါတယ်။ ဒီအထဲက သရေခေတ္တရာ၊ ပိဿနိုးနဲ့ ဟန်လင်း မြို့တွေကို ထိမ်းသိမ်းရမယ့် ကမ္ဘာ့အမွေအနှစ် အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပါတ်သက်ပြီး လူထုက ထိမ်းသိမ်းရမယ် ဆိုတဲ့ အသိရှိလာစေဖို့ ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ သုတေသန ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။
အနုမြူမှုန်ကို ထိမ်းချုပ်ဖို့ကျိုးပမ်းခြင်း
သိပ်သေးငယ်တဲ့ စာလုံးလေးတွေကို မျက်စိနဲ့ မြင်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် စာမျက်နှာ တရွက်ပေါ်မှာ စာလုံး အရွယ်အစားက သေးလေလေ စာလုံးရေများများ ဆန့်လေလေ ဖြစ်ပါတယ်။ သိပ်သေးငယ်တဲ့ အနုမြူမှုန်ကလေးတွေနဲ့ စာရေးမယ် ဆိုရင် စာတမျက်နှာမှာ စာလုံးရေ ကုဋေပေါင်း များစွာကို ရေးနိုင်မှာ ဖြစ်ပါတယ်။
ဆံပင်တပင်ရဲ့ အဖျားကို ထိပ်ကနေကြည့်ရင်မြင်ရမယ့် နေရာမှာ အက်တမ်နဲ့ စာလုံးရေပေါင်း ၂ သန်းလောက်ရေးနိုင်ပါတယ်။ ဒီလိုရေးဖို့ တိကျတဲ့ ထိမ်းချုပ်မှု လိုအပ်ပါတယ်။ အခုလို အက်တမ်နဲ့ စာရေးဖို့ သိပ္ပံပညာရှင်တွေ ကျိုးစားနေကြတာဟာ တကယ်တော့ စာရေးဖို့ အဓိကလုပ်နေတာ မဟုတ်ပါဘူး။ အက်တမ်လို သေးငယ်တဲ့ အနုမြူမှုန်တွေကို ထိမ်းချုပ်နိုင်အောင် ကျိုးစားကြတာပါ။
လက်ကိုင်ဖုံးတလုံးထဲနဲ့ ဖုံးအဆက်အသွယ်လုပ်လို့ ရသလို ဓါတ်ပုံရိုက်တာ၊ အသံဖမ်းတာ၊ ကွန်ပြူတာ ကြည့်တာလို အလုပ်အတော်များများကို လုပ်နိုင်ပါတယ်။ ဒီအလုပ်တွေလုပ်ဖို့ စက်အသေးလေးတွေကို တီထွင်ပြီး လက်ကိုင်ဖုံးထဲမှာ ထည့်ထားရတာပါ။ ဒီလိုသေးငယ်တဲ့ စက်ကလေးတွေကို တီထွင်မယ်ဆိုရင် အဲဒီစက်ကလေးတွေကို ကြည့်တဲ့ နည်းပညာ လိုအပ်ပါတယ်။ ဒါတွေကို စမ်းသပ်တဲ့ လေ့လာစူးစမ်းတဲ့ နည်းပညာလိုအပ်ပါတယ်။ ဒီလို နည်းပညာကို နာနိုနည်းပညာလို့ ခေါ်ပြီး သိပ်သေးငယ်တဲ့ အက်တမ်လေးတွေနဲ့ စာလုံးရေးသလို အက်တမ်ကို လိုသလို ချယ်လှယ်နိုင်အောင် ကျိုးစားကြတာဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၀၀ တုန်းက ကမ္ဘာတလွှား ထူးခြားတဲ့ သုတေသန တွေ့ရှိချက် တရာထဲမှာ တခုဖြစ်တဲ့ မော်လီကျုးတွေကို ပထမဆုံး ရွှေ့ပြခဲ့တဲ့ ဒေါက်တာစောဝေလှဟာ အဲဒီအချိန်က ဂျာမဏီနိုင်ငံက တက္ကသိုလ်မှာ သုတေသနလုပ်နေပြီး ဒီနည်းပညာကို သုံးခဲ့တာဖြစ်ပါတယ်။
ဒီနာနိုနည်းပညာနဲ့ နောင်မှာ အခုထက် အစွမ်းပိုထက်တဲ့ ပစ္စည်းတွေ ထုတ်လာနိုင်မှာ ဖြစ်သလို ကွန်ပြူတာနည်းပညာ၊ IT နည်းပညာ၊ ဆေးပညာ၊ အလက်ထရောနစ် ဆိုင်ရာလို နည်းပညာတွေလည်း အခုထက်ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို ငယ်သထက်ငယ်တဲ့ ပစ္စည်းတွေနဲ့ အစွမ်းပိုထက်တဲ့ ပစ္စည်းတွေ ထုတ်လာနိုင်မယ်ဆိုရင် ကမ္ဘာမှာ အခု အလိုအပ်ဆုံးဖြစ်နေတဲ့ စွမ်းအင်ကို ခြွေတာဖို့ပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ လက္ခဏာ နဲ့ ကုသမှု ပုံနှိပ်ရန် မှတ်ချက် ဖြန့်ဝေရန်
ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ဖြစ်တာကို မသိလိုက်ဘဲ၊ ကုသမှု မလုပ်နိုင်ရင် ပြင်းထန်ဆိုးဝါးတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက သတိပေးပြောဆိုနေကြပါတယ်။ ဝက်သက်လက္ခဏာတွေကတော့ အစပိုင်းမှာ ဖျားတာ၊ ချောင်းဆိုးတာ မျက်လုံးနီတာတွေဖြစ်ပြီး၊ နောက် ၄-၅ ရက်အတွင်းမှာ အနီအပိန့်အဖုလေးတွေ နဖူးဆံစကနေစပြီး မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဗိုက် နဲ့ ခြေထောက်တွေအထိ အပေါ်ပိုင်းကနေ အောက်ဖက်ကို တဖြည်းဖြည်း ပေါ်ထွက်လာတတ်ပါတယ်။
ဝက်သက် ကုသရာမှာ ဗိုင်းရပ်စ်သတ်ဆေးမရှိပေမဲ့ လိုအပ်တဲ့ နောက်ဆက်တွဲ ကုသမှုတွေ ပေးခြင်းအားဖြင့် လူနာအသက်မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂျိုက်သိုးရောဂါမှာ ရောဂါလက္ခဏာတွေက ဝက်သက်နဲ့ အလားတူ ဖျားတာနဲ့ အနီအပိန့်ဖု ထွက်တာတွေရှိပေမဲ့ ဝက်သက်လောက် ပြင်းထန်မှု၊ ကျယ်ပြန့်မှု မရှိပါဘူး။ ဒါကလဲ ဗိုင်းရပ်ပိုး ဖြစ်တာမို့ ထွေထွေထူးထူး ကုသမှုမလိုဘဲ၊ အလိုလို တဖြည်းဖြည်း ပြန်ကောင်းသွားလေ့ရှိပါတယ်။
ဒါပေမဲ့ ဂျိုက်သိုးရောဂါ ကိုယ်ဝန်ဆောင်မိခင်မှာ ဖြစ်ခဲ့ရင်တော့ နောက်ဆက်တွဲ ရောဂါအနေနဲ့ သန္ဓေသားကို နောက်ဆက်တွဲအနေနဲ့ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါလဲ။ မဖြစ်အောင် ဘယ်လို ကာကွယ်ပေးနိုင်ပါလဲ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဂျေရုဆလင်မှာ ဂျူး ဝတ်ပြုသူတွေကို ပါလက်စတိုင်း ၂ဦးက သတ်ဖြတ်
ဂျေရူဆလင်မြို့ အနောက်ပိုင်းက ဂျူး ဘာသာရေး ဝတ်ကျောင်းတော် တစ်ခုမှာ သေနတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင် ထားတဲ့ ပါလက်စတိုင်း ၂ ဦး တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ၄ ဦး သေဆုံး သွားပြီး ၈ ဦး ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။
တိုက်ခိုက် ခဲ့သူတွေလည်း အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး သွားပါတယ်။
ဒါဟာ နှစ်ပေါင်း များစွာ အတွင်း ဂျေရူဆလင်မှာ အဆိုးရွားဆုံး တိုက်ခိုက် ခံရမှု ဖြစ်ပါတယ်။
ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘာ့စ် တို့ရဲ့ လှုံ့ဆော် သွေးထိုး မှုတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ် ရတာလို့ အစ္စရေး ဝန်ကြီးချူပ် ဘင်ဂျမန် နေတန်ညာဟုက စွပ်စွဲလိုက်ပါတယ်။
ဂျေရူဆလင်မ် မြို့တော်ဝန် နာ ဘာကတ် ကလည်း ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောရာမှာ ဝတ်ကျောင်းတော် တစ်ခုထဲကို ဝင်ပြီး ဝတ်ပြု ဆုတောင်း နေသူတွေကို သားသတ်ဓားနဲ့ သတ်ဖြတ်တယ် ဆိုတဲ့ အပြု အမူမျိုးကို လူသား စင်စစ်တွေ မကျူးလွန်ဘူးလို့ ပြောပါတယ်။
ပါလက်စတိုင်း တွေရော အစ္စရေးတွေပါ သေဆုံး ကြရတဲ့ အခုလို အကြမ်းဖက်မှုတွေ ပေါက်ကွဲ ထွက်ပေါ်လာတာဟာ အစ္စရေး ဝန်ကြီးချူပ် နေတန်ညာဟုရဲ့ အပြုအမူတွေကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်း ဘက်က ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မာစတာဖာ ဘာဂေါက်တီ ကတော့ တုန့်ပြန် ပြောဆို ထားပါတယ်။
BBC Burmese
အိုင်အက်စ်စစ်သွေးကြွများသည် အီရတ်နိုင်ငံမြောက်ပိုင်းတွင် လူ ၇၀ ကို ပြန်ပေးဆွဲ
အိုင်အက်စ် အကြမ်းဖက်သမား များသည် အီရတ်နိုင်ငံ မြောက်ပိုင်း ပြည်နယ်ရှိ ရွာတစ်ရွာမှ အနည်းဆုံး လူ ၇ဝ ကို ပြန်ပေးဆွဲ ခဲ့ကြောင်း ဒေသတွင်း အရင်းအမြစ်များက ပြောသည်။ ပြန်ပေးဆွဲမှုများသည် ဆင်ဂျာ မြို့အနီး ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တက်ဖီရီ စစ်သွေးကြွများသည် ၎င်းတို့၏ အမာခံနယ်မြေ၌ ဖြစ်ပေါ်လာနိုင် သော တိုက်ခိုက်မှုများမှ ကာကွယ် ရန် လူမျိုးစုများ၏ ယာဉ်များနှင့် လက်နက်များကိုလည်း သိမ်းပိုက် ခဲ့ကြောင်း အဆိုပါ ဒေသတွင်း သတင်းရင်းမြစ်များက ပြောခဲ့သည်။
အစောပိုင်းက စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက် ပိုင်း အန်ဘာဒေသရှိ ဆွန်နီလူမျိုး စု ၂၅ ဦးကို သုတ်သင်ခဲ့သည်။ အဗူဖက်ဟ်လူမျိုးစုမှ ရုပ်အလောင်း များကို အီရတ်တပ်မတော်မှ ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် အန်ဘာဒေသ၏ မြို့တော် ရာမဒီ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိုင်အက်စ် စစ်သွေးကြွများ သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံ ရှိ ဒေသအတော်များများကို ထိန်း ချုပ်နိုင်ခဲ့သည်။ အဆိုပါ အိုင်အက်စ် အုပ်စုသည် စစ်သွေးကြွများကို အီရတ်နိုင်ငံသို့ ဇွန်လတွင် စေလွှတ် ခဲ့ပြီး နိုင်ငံနှစ်ခုကြား နယ်စပ်ဒေသ တစ်လျှောက်အတော်များများ သိမ်း ပိုက်ခဲ့သည်။
၎င်း စစ်သွေးကြွများသည် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ရှီး ယိုက်၊ ဆွန်နီ၊ ကာ့ဒ်နှင့် ခရစ်ယာန် တို့ အများစုရှိသော အိမ်နီးချင်း ဒေသများတွင် ပြုလုပ်ခဲ့ကြသည်။ အီရတ်တပ်ဖွဲ့ဝင်များသည် အိုင် အက်စ်စစ်သွေးကြွများကို တိုက်ခိုက် ရာတွင် ယခုချိန်အထိ အောင်မြင်မှု များရရှိနေပြီး အစွန်းရောက်သမား များကို ဆန့်ကျင်တိုက်ခိုက်မည်ဟု အခိုင်အမာဆိုထားသည်။
(ပရက်စ်တီဗွီ)
ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့အတွက် ဘန်ကီမွန်းကို ဆန္ဒပြ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာလူမျိုးတွေ မရှိတဲ့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ဘက်လိုက်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်း ပြောဆို ခဲ့တယ်ဆိုပြီး တော့ မနေ့တုန်းက စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်တွေမြို့ ဆန္ဒပြမှုအတွင်း သဃာတော် အများအပြားအပါအဝင် လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ တစ်ခုလုံးကို ဆန့်ကျင် ဆန္ဒပြတာမဟုတ်ပဲ ဘန်ကီမွန်းကိုသာ ဆန္ဒပြခဲ့ကြတာလို့လည်း သံဃာတော် တစ်ပါးက ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ရပြီး အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရသလို သူတို့ကိုလည်း နိုင်ငံသား ဖြစ်ခွင့်တွေပေးဖို့ ပါရှိပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ခဲ့သလို လူနည်းစု ဘာသာဝင်တွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ရဘူးလို့ တုန့်ပြန်ထားပါတယ်။
ABC Radio Australia
al-Shabab အစ္စလာမ်မစ်လက်ချက် ကင်ညာမူဆလင် ၃၀ ခန့်သေဆုံး
ကင်ညာနိုင်ငံမြောက်ပိုင်းမှာ al-Shabab စစ်သွေးကြွ သေနတ်သမားတွေက ဘတ်စ်ကား တစ်စင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာမှာ ကားပေါ်ပါလာသူ အယောက် ၆၀ ထဲက မွတ်ဆလင်မဟုတ်သူ ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။
Somalia နိုင်ငံနဲ့ နယ်စပ် Mandera မြို့ကနေ ၃၁ မိုင်လောက်ဝေးတဲ့နေရာမှာ Bus ကားကို ဖမ်းဆီးတိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ Mombasa မြို့က ဗလီတွေအပေါ် လုံခြုံရေးတပ်တွေက လတ်တလောက် စီးနင်းတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ခုလို တိုက်ခိုက်ခဲ့တာလို့ Somalia နိုင်ငံက al-Shabab စစ်သွေးကြွတွေက ပြောကြားခဲ့ပါတယ်။
al-Qaida အဖွဲ့နဲ့ ဆက်စပ်နေတဲ့ al-Shabab စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ Kenya နိုင်ငံက Somalia နိုင်ငံကို စစ်သားတွေ စေလွှတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက Kenya မှာ ပစ်ခတ် ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ al- Shabab အဖွဲ့ သူပုန်ထမှုကို နှိမ်နှင်းနေရတဲ့ အင်အား မခိုင်မာတဲ့ Somalia အစိုးရကို ကူညီပေးဖို့ Africa သမဂ္ဂတပ်ဖွဲ့တွေနဲ့အတူ Kenya တပ်တွေ Somalia နိုင်ငံထဲမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး
အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။
ခါလစ်မိုဟာမက်ဟာ လက်ရှကာအီးတိုင်ဘာ အကြမ်းဖက်အဖွဲ့ ဝင်တွေနဲ့အတူ စစ်သွေးကြွတွေကို မြန်မာနိုင်ငံ ထဲမှာ သင်တန်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့အိမ်ကိုရှာဖွေတဲ့အခါမှာ အူရဒူဘာသာနဲ့ ရေးထားတဲ့ ဖေါက် ခွဲရေးနည်းပညာတွေကို ကွန်ပျူတာမှတ်တမ်းထဲကနေတွေ့ရပြီး၊ ဒီနည်းပညာတွေကို မြန်မာ နယ်စပ်က စစ်သွေး ကြွစခန်းတွေမှာပြုလုပ်တဲ့ ၁၅ ရက် သင်တန်းတွေမှာ ပို့ချခဲ့တယ်လို့ဆိုပါတယ်။ထောက်လှမ်းရေးဌာနရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သူဟာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့  မြန်မာ ၄ နိုင်ငံကို သွားလာနေခဲ့တယ် လို့ သိရပါတယ်။
ခါလစ်မိုဟာမက်ဟာ စစ်သွေးကြွအဖွဲ့ဝင် အယောက် ၄၀ ကို ၈ ကြိမ်ခွဲပြီး သင်တန်းပို့ချခဲ့တယ်လို့ ဝန်ခံထွက်ဆို တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိတစ်ဦးကပြောပါတယ်။ဒါ့အပြင် ကရာချိမြို့ပြင်နဲ့ ဆော်ဒီအာရေး ဗီယားမှာ အခြေစိုက်ထားတဲ့ ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေအမြောက်အများရခဲ့တယ်လို့  ခါလစ်မိုဟာမက်က ထွက်ဆိုတဲ့အကြောင်းနဲ့  အဲဒီငွေတွေကိုဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ခဲ့တဲ့အကြောင်း၊ Viber, WeChat, Tangoe နဲ့  Skype တို့ကနေတဆင့် သူ့အဖွဲ့တွေကို ဆက်သွယ်ခဲ့တဲ့အကြောင်း သိရတယ်လို့ဆိုပါတယ်။
သူ့ကို ပထမဆုံးစည်းရုံးခဲ့သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်ဗ်ဒူရာမန်ဆိုသူဖြစ်ပြီး၊ အဲဒီပုဂ္ဂိုလ်က လက်ရှကာ အီးတိုင်ဘာအဖွဲ့ ဝင်တွေဖြစ်တဲ့ အလီနဲ့  ဟေဒါဆိုသူ နှစ်ဦးနဲ့ သူ့ကို ထပ်မံမိတ်ဆက်ပေးခဲ့သလို၊ အဲဒီနှစ်ယောက် နဲ့အတူ သင်တန်းတွေပေးဖို့  မြန်မာနယ်စပ်ကို သွားခဲ့တဲ့အကြောင်း ထွက်ဆိုတယ်လို့  အိန္ဒိယထောက်လှမ်းရေး ကပြောပါတယ်။ခါလစ်မိုဟာမက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အိန္ဒိယကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ ဒေလီ၊ လပ်နောနဲ့  ဂျမ်မူမြို့ တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဖို့သွားခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf
Friday, November 14, 2014
တရုတ်နှစ်သစ်ကူးအေကြာင်းပြ ဒေသတွင်းလက်နက်ကိုတင်ပ်ဖွဲ့ဦး ဆောင်၍ လောင်းကစားဝိုင်းဖွင့်နေ
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ သာယာကုန်း စီးကရက်စက်ရုံ ၀င်းအတွင်း၌ တရုတ်နှစ်သစ်ကူး အေကြာင်းပြကာ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြာင်း သတင်းရရှိသည်။
၎င်းစီးကရက် ရုံအတွင်း၌ ဖဲဝိုင်း၊ လေးကောဂင်ျဝငိုင်း၊ ဖိုင့်ကျူး (မာကျောက် အနက်ရောတင်ရုတ်ဖဲ) ၊ ပန်းကျူးနှင့် မာကင့်လွယ် (ကုန်းကင်းလောင်း ကစားဝိုင်း) တို့ဖြစ်ကြပြီး၊ တစ်နေ့လျှင် လောင်းကစားသူ အေယာက် (၂၀၀) နီးပါးရှိကြောင်း ဒေသခံ စိုင်းမောင် က ဆိုသည်။
“ လောင်းကစားတဲ့လူတွေတော့ ကျိတ်ကျိတ်တိုးပဲဗျ၊ ဆယ်ကျော်သက် လူငယ်ပိုင်းတွေများတယ် ၊ ဒီလ ၁ ရက် ကစပြီး နောက် ၅ ရက်နေ့အထိ ဖွင့်သွားမယ်လို့သိရတယ်၊ နှစ်စဉ်တရုတ်နှစ်သစ်ကူးပွဲတိုင်း အဲ့ဒီသာယာ ကုန်းမှာ လောင်းကစားဝိုင်းဖွင့်နေမြဲပဲ ၊ အဲဒီမှာ ပန်းဆေးပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးတယ်။ ဒေသအာဏာပိုင်တွေက လည်း ကြောက်လို့ထင် တယ် ပေးဖွင့်နေတယ်ဗျာ” ဟု ၄င်းက ပြောသည်။
နမ့်ခမ်းမြို့တွင်လောင်းကစားအမျိုးမျိုးပေါများလာမှြုေ ကာင့် မူးယစ်ဆေးရောင်း ဝယ် သုံးစွဲများလည်း ပေါများလာကြောင်း၊ လူနေအိမ်များလည်းမကြာခဏေဖာက်ထွင်းခံရေကြာင်း ပါ့နန်းအီပီးက ဆိုသည်။
“ ခုမကြာခဏ ဆယ်ကျော်သက်လူငယ်တွေ ဆိုကင်ယ်စီးပြီး ပိုက်ဆံ အိတ် ဆွဲတာတို့ ရွှေဆွဲကြိုးတွေ လိုက်ဆွဲ တာတို့ ဖြစ်နေတယ်၊ တိတ်တိတ် ပုန်းဖွင့်နေ တဲ့ လောင်းကစားTV ဂိမ်း (ငါးမန်းပစ်ဂိမ်း) လည်း ခု ထိ ဖွင့်နေ တုန်းပါ ပဲ၊ အာဏာပိုင်တွေ မသိလို့ဖွင့်နေတာလား၊ ဒါမှမဟုတ် ပိုက်ဆံပေး ပြီး ဖွင့်နေတာ လားမသိ၊ ဖွင့်နေတဲ့နေရာတွေကေတာ့ အရင်နေရာဟောင်းတွေ ပဲ ” ဟု ၄င်းကဆိုသည်။
ယခုအခါ သာယာကုန်းတွရငှ်ိသောလောင်းက စားဝိုင်းများမှာ မာအိမ့်လွယ် (ခေါ်) ကုန်းကင်း လောင်း ကစားဝိုင်း (၁) ဝိုင်း၊ လေးကောဂင်ျင် ၊ ဖဲဝိုင်း ၊ ဖိုင့်ကျူးနှင့် ပန်းကျူးဝိုင်း ၂ ဝိုင်းစီရှိနေကြာင်း သွား ရောက်လေ့လာခဲ့သူ စိုင်းကမ် ကေပြာသည်။
သာယာကုန်းစီးကရက်စက်ရုံသည် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ပိုဆငိုင် သည်ဟုလည်း ဒေသခံများကဆို ပါသည်။ နမ့်ခမ်းမြို့ အေရှ့တောင် ဘက်ခြမ်း ၁ မိုခင်န့်တွတင်ရညှိပြီး တရုတ်သင်းချိုင်းကုန်းနှင့် မြန်မာအစိုးရ တပ်စခန်းဖြစ်သော စခန်းသစ်တပ်ကုန်းနှင့်နီးစပ်နေကြာင်း ဒေသခံများထံမှ သိရသည်။
သျှမ်းသံတော်ဆင့်
Subscribe to:
Posts (Atom)