Sunday, July 27, 2014
ဒေါသထွက်နေသည့် မွတ်ဆလင်အကြမ်းဖက်သမားများ ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ ၀င်ရောက်လုယက်
စစ်တွေမြို့ ဘောဒူဗ ဘင်္ဂါလီကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ရွာသားများက ၀င်ရောက်ဖျက်ဆီးပြီး လုယက်သောကြောင့် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော်ဖြင့် လုံခြုံရေးစောင့်ကာ သေနတ်ဖြင့်ပစ်၍ လုစုခွဲရကြောင်း သတင်းရရှိသည်။
ဒိန်းမတ်ကူညီစောင့်ရှောက်ရေအဖွဲ့(DRC)က ထောက်ပံ့သည့် အစားအစာနှင့် ပစ္စည်းအချို့ကို တာဝန်ခံ၍ ဒုက္ခသည်စခန်းများသို့ လွှဲပြောင်းပေးနေသည့် ဘင်္ဂါလီလူမျိုးဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုကာ လူစုခွဲခဲ့ကြောင်း လုံခြုံရေး စောင့်နေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘သေနတ်သုံးချက်ဖောက်ပြီးလူစုခွဲလိုက်ရတယ်။ မိသမျှလိုက်ဖမ်းတာ ခုနစ်ယောက်တော့ မိတယ်။ ကျန်တာတွေက ရွာတွေထဲဝင်ပြေးကုန်တယ်။ သူတို့တွေ အင်အားက သောင်းချီရှိနေတော့ ကိုယ်တွေရဲ့ လုံခြုံရေးအတွက်လည်း သတိထားနေရတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။
လုယက်ခံရသည့် အိမ်မှ ရွှေတစ်ဆယ်သားအလေးချိန်ရှိ လက်ဝတ်ရတနာပစ္စည်းများနှင့် ငွေကျပ် ဆယ့်ငါးသိန်း ပါသွားခဲ့ပြီး အိမ်ကိုလည်း အုတ်ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးနိုင်ခဲ့သည့် ဘင်္ဂါလီခုနစ်ဦးကို စစ်တွေမြို့မစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်း စခန်းမှူးဒုတိယရဲမှူး သန်းလှိုင်က ပြောကြားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment