Friday, October 31, 2014

အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅ ဦးကို ISIS စစ်သွေးကြွ များသတ်ဖြတ် Other Blogs အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅ ဦးကို ISIS စစ်သွေးကြွ များသတ်ဖြတ် ဘဂ္ဂဒက် ၊ ၃၁-၁၀-၂၀၁၄ ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အန်ဘာပြည်နယ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ ရဲတပ်ဖွဲ့နှင့် မျိုးနွယ်စုဝင် လူ ၂၅၅ ဦး ကို သတ်ဖြတ် ခဲ့ကြကြောင်း ပြည်နယ် လုံခြုံရေးအဖွဲ့ က ယမန်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ သတ်ဖြတ်ခံရ သူများအနက် လူ ၁၅ဝ မှာ ဆွန်နီ တိုက်ခိုက်ရေး သမားများနှင့် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်သူများ ဖြစ်ကြောင်း အမည် မဖော်လိုသူ ပြည်နယ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ ISIS စစ်သွေးကြွ များသည် အစောပိုင်းတွင် မြို့တော် ဘဂ္ဂဒက်မှ အနောက်ဘက် ကီလိုမီတာ ၁၆ဝ ကွာဝေးသည့် ဟိဂ်မြို့ အတွင်းသို့ စီးနင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွန်နီ မျိုးနွယ်စုဝင် အမျိုးသား များကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတ်ဖြတ်မှု များသည် ISIS စစ်သွေးကြွ များ က အယ်ဘူနီမာ မျိုးနွယ်စုဝင် အမျိုးသား ၃ဝ ကို သတ်ဖြတ်ခဲ့ပြီး တစ်ရက် အကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် ယခုအခါ ဟိဂ်မြို့၏ ၈ဝ ရာခိုင်နှုန်းကို သိမ်းယူထားပြီး ဖြစ်ကြောင်း သိရသည်။ #PyiChitThar http://www.pyichitthar.com/2014/10/isis_54.html Facebook Category Daily News English News Celebrity and Health Journals & Newspapers Navigation

No comments:

Post a Comment