Sunday, November 23, 2014
ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့အတွက် ဘန်ကီမွန်းကို ဆန္ဒပြ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာလူမျိုးတွေ မရှိတဲ့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ဘက်လိုက်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်း ပြောဆို ခဲ့တယ်ဆိုပြီး တော့ မနေ့တုန်းက စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်တွေမြို့ ဆန္ဒပြမှုအတွင်း သဃာတော် အများအပြားအပါအဝင် လူပေါင်း ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ တစ်ခုလုံးကို ဆန့်ကျင် ဆန္ဒပြတာမဟုတ်ပဲ ဘန်ကီမွန်းကိုသာ ဆန္ဒပြခဲ့ကြတာလို့လည်း သံဃာတော် တစ်ပါးက ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ရပြီး အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရသလို သူတို့ကိုလည်း နိုင်ငံသား ဖြစ်ခွင့်တွေပေးဖို့ ပါရှိပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ခဲ့သလို လူနည်းစု ဘာသာဝင်တွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ရဘူးလို့ တုန့်ပြန်ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment